ဒဂုံ ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့နံနက်ပိုင်း က စတင်ဆောင်ရွက်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်း သား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာ နမှ ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာမြင့်သန်းထွန်း က ကျောင်းသား/သူများအား ကျန်းမာရေးအသိပညာဗဟုသုတများ ရရှိစေရန်အတွက် ကျန်းမာစွာနေထိုင်နည်းများ၊ အစာအာ ဟာရအုပ်စုများ၊ ကိုဗစ်-၁၉ မျိုးကွဲသစ်ရောဂါ၊ မျောက်ကျောက်ရောဂါ၊ သံကောင်၊ တုတ်ကောင်ရောဂါ၊ သွေးလွန်တုတ်ကွေးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ စနစ်တကျသွားတိုက်နည်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာရောဂါများ အကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေကျန်းမာရေး စစ်ဆေးခဲ့ပြီး သံချဆေးများတိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်ခြင်း လုပ်ငန်းကို သြဂုတ်လ ၉ ရက်နေ့မှ သြဂုတ်လ ၁၂ ရက်နေ့ထိ ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် အလှည့်ကျဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဓိလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေး အသိပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးစေရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ကြရန်ဖြစ်ကြောင်း သိရသည်။
မေသန္တာ