ရှင်ဗွေယန်မြို့၌ ကျောင်းတွင်း အသင်းလိုက်မိုးရာသီ ဘောလုံးအားကစားပွဲ ကျင်းပ

ရှင်ဗွေယန် သြဂုတ် ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင်း အသင်းလိုက်မိုးရာသီ ဘောလုံးအားကစားဖွင့်ပွဲကို ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီမှ စတင်၍ ​အမှတ်(၂)ရပ်ကွက် မြို့မ​ဘောလုံး အားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါ မိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲတွင် အနော်ရထာအသင်း၊ ကျန်စစ်သားအသင်း၊ ဘုရင့်နောင်အသင်း၊ အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်းများ ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ဖွင့်ပွဲအနေဖြင့် ကျန်စစ်သားအသင်းနှင့် ဗန္ဓုလအသင်းတို့က ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ကျောင်းတွင်း အသင်းလိုက် မိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြင့် ကျောင်းနေအရွယ် ကလေးငယ်များ ကိုယ်ကာယ ကျန်းမာသန်စွမ်းစေရန်နှင့် စိတ်ဓာတ်ကြံ့ခိုင် သန်မာစေရန် ရည်ရွယ်ကျင်းပကြောင်း ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးဒေါ်ခင်ညိုက ပြောကြားခဲ့သည်။

ရှင်ဗွေယန် (ပြန်/ဆက် )