မိုင်းနောင်မြို့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး ကိစ္စညှိနှိုင်းအစည်းအဝေးပြုလုပ်

မိုင်းနောင် သြဂုတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများက ဒေသဖွံ့ဖြိုးရေးကိစ္စများ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ(၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးသီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးထက်က အဖွင့်အမှာစကားပြောကြား၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ လက်ရှိဆောင်ရွက်နေသော ဌာနလုပ်ငန်းများ၊ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြ​ပြီး ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများက ရပ်ကွက်/ကျေးရွာများတွင် ပူးပေါင်းကူညီဆောင်ရွက် ပေးရမည့်ဒေသဖွံဖြိုးရေးကိစ္စများ၊ ဒေသတွင် အရေးကြီးလိုအပ်နေသော လမ်းပန်းဆက်သွယ်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ကျေးသီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးထက်၊ မိုင်းနောင်မြို့ ခေတ္တအုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့်စာရေးများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)