မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း လက်ထောက်-၂ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ  သြဂုတ် ၁၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း လက်ထောက်-၂ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ် ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်းသူသင်တန်းသားများ လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းသင်တန်းကို သင်တန်းသားသင်တန်းသူ ၄၄ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၄ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)