တံတားဦးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုများဖြန့်ဝေ

တံတားဦး ဩဂုတ်  ၁၆

တံတားဦးခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟော ပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့နယ် တပယ်ကျေးရွာ ရာပြည့်ဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးသော်နိုင်ဦးက ကျေးလက်နေပြည်သူများမှ သစ်တောသစ်ပင်အျား၏ တန်ဖိုးနှင့် အနှစ်သာရကိုသိရှိနားလည်ပြီး သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လာခြင်းဖြင့် သစ်တောပြုန်းတီးမှုကို လျော့ချနိုင်မှဖြစ်သည့်အတွက် သဘာဝတောများပျက်စီးပြုန်းတီးမှု တဖြည်းဖြည်းလျော့နည်းမှာဖြစ်ကြောင်း၊ ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာစေရေး၊အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တော သစ်ပင်များ၏ တန်ဖိုးနှင့်အနှစ်သာရကို ထိန်းသိမ်းခြင်းအားဖြင့် ဒေသခံပြည်သူများ သိရှိနားလည်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ပူးပေါင်းဝါဝင် ဆောင်ရွက်ပေးစေလိုကြောင်း အသိပညာပေးပြောကြားပြီး မီးဖိုသုံးစွဲနည်းကို လက်တွေ့သရုပ်ပြ ဆောင် ရွက်ကာ တာဝန်ရှိသူများကစွမ်းအားမြှင့် အေဝမ်းမီးဖို (၂၀)လုံး အားမဲစနစ်ဖြင့် အခမဲ့ဖြန့်ဝေပေးကြသည်။

တံတားဦးမြို့နယ် အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်းကျေးရွာပေါင်း(၃၇) ရွာအားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းများနှင့်အတူစွမ်းအားမြှင့် အေဝမ်းမီးဖိုများလည်းဖြန့်ဝေရန်ရေးတို့ကို ၂၀၂၂-ခုနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအေးချမ်းအောင်ထံမှ သိရသည်။ 

ရဲတင့်