မင်းတုန်း ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဝန်တွင်းရွာရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများသို့ ယနေ့နံနက် ၈ နာရီခွဲတွင် ဥကပ်ပါးနဂျီ(Trichogramma) စုပေါင်းလွှတ်ပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးထွဋ်သွင်တို့က တောင်သူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဥကပ်ပါးနဂျီ(Trichogramma)ကို စပါးခင်းတွင် လွှတ်ထားခြင်းဖြင့် စပါးပင်တွင် ကျရောက်သည့် လိပ်ပြာဖလံမျိုးရင်းဝင် ဖျက်ပိုးဥများပေါ်သို့ ကပ်ပါးနဂျီအမဥချပြီး ပေါက်လာသော နဂျီလောက်ကောင်များမှ ဖျက်ပိုးဥအဆင့်တွင် စားသောက်ခြင်းဖြင့် ဖျက်ပိုးဥများအား ဖျက်ဆီးမည်ဖြစ်သည်။ ထိုကဲ့သို့ နဂျီဥကဒ်များ သုံစွဲခြင်းဖြင့် ပိုးသတ်ဆေးသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ အကျိုးပြုအင်းဆက်များ ထိခိုက်မှုမရှိနိုင်၍ ပတ်ဝန်းကျင် သဘာဝဂေဟစနစ်မျှတစေခြင်း၊ စပါးတစ်ဧကလျှင် ဥကဒ်(၄၀)နှုန်းဖြင့် (၃)ကြိမ်ချိတ်ဆွဲပေးရမည်ဖြစ်ပြီး နဂျီဥကဒ် တစ်ကဒ်လျှင် နဂျီကောင်ရေ (၁၀၀၀)ပါဝင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)