ဘောဂလိမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ

ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံပေး

ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအဟောင်း၌ မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

ပန်းတောင်းမြို့နယ် (Community Centre) ခန်းမတွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀:၀၀)နာရီ အချိန်က သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ကျပ်၊ ဘတ် ဖြင့်တိုက်ရိုက်ပေးချေမည့် ဝန်ဆောင်မှုစနစ် စတင်အသုံးပြုမည်

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ကျပ်၊ ဘတ် ဖြင့် နိုင်ငံခြားငွေ တိုက်ရိုက်ပေးချေသည့် ဘဏ်အကောင့်ဖွင့်လှစ်၍ အသုံးပြုနိုင်မည့် ဝန်ဆောင်မှုအား စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် လာရောက်အသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊

ပုဗ္ဗသီရိမြို့နယ်၌ မသန်စွမ်းအသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနကကြီးမှူးကျင်းပသည့် မသန်စွမ်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ရုံး၌ ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေး (Booster Dose) များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) စတင်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်

ရွှေတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် (2 nd Booster Dose) ဆက်လက်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးသူများအား စတုတ္ထအကြိမ် (2 nd Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ရွှေတောင်မြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

သာယာဝတီမြို့နယ်တွင် ပြည်သူ့ကျန်းရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ သာယာဝတီမြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to