ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဌာနအတွင်းစာဖတ်ဝိုင်းကို ယ‌မန်‌နေ့မွန်းလွဲ (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများစာဖတ်ဝိုင်း၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝနအဖွဲ့မှ ၂၀၁၇ ခုနှစ်တွင် နိုင်ငံဝန်ထမ်းများအား ထုတ်လုပ်ဖြန့်ဝေသည့် ဝန်ထမ်းကျင့်ဝတ်စာအုပ်မှ အလုပ်ချိန်နှင့်သက်ဆိုင်သည့် စည်းကမ်းများ၊ လုပ်ရည်ကိုင်ရည်တို့ နှင့် သက်ဆိုင်သည့်စည်းကမ်းများ၊ လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာစည်းကမ်းများ စသည့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစည်းကမ်းချက်များအား အဆိုပါဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်နှင့် အငယ်တန်းစာရေး ဒေါ်စန်းပပလှိုင်တို့ကဖတ်ကြားပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)