ဒေါပုံ သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး Talk Show ကို ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အတွင်းရေးမှူး ဒေါ်ဇင်ဇင်မော်တို့မှ (Money Pox) မျောက်ကျောက်ရောဂါကို အာဖရိက အလယ်ပိုင်းမှာစတင်တွေ့ရှိခဲ့ကြောင်း၊ Monkey Pox မျောက်ကျောက်ရောဂါ၏ အဓိပ္ပါယ် မျောက်ကျောက်ရောဂါ ကူးစက်ပျံနှံ့လာပုံ၊ ရောဂါ လက္ခဏများဖြစ်ပွားပုံ၊ မျောက်ကျောက်ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ မျောက်ကျောက် ရောဂါသည် တိရစ္ဆာန်မှတဆင့် လူမှတစ်ဆင့် အရာဝတ္ထုများမှတစ်ဆင့် ကူးဆက်နိုင်ပုံများစသည်ဖြင့် Money Pox မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါပုံမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ၊ သုတ၊ ရသ စာပေဆွေးနွေးပွဲများ၊ ကဗျာရွတ်၊ ပုံပြင်ပြောခြင်း အစီအစဉ်များနှင့် ကာယဉာဏ ဖွံ့ဖြိုးရေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူဇာဝင်း