တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

တိုက်ကြီး   ဩဂုတ်     ၂၃

ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်များ ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀:၀၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဩဂုတ် ရက်နေ့၌ အုန်းပင်ကွင်းကျေးရွာအုပ်စုတွင် ကမ်းပြိုမှုကြောင့် နေအိမ်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု () စုနှင့် ဩဂုတ် ၂၂ ရက်နေ့၌ လိမ္မော်ခြံ ကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စု () တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၉၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၇၃၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၂၁၇၃၀၀) ကျပ်တို့ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)