ရန်ကင်း သြဂုတ် ၂၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာရေးသူများ ရည်ညွှန်းကိုးကား ရေးသားနိုင်ရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်လူရွယ် ကျောင်းသား/သူများ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အသစ်ရောက်ရှိသော စာအုပ်စာစောင်များ၊ ဗဟုသုတဖြစ်ဖွယ် သုတ/ရသ၊ မဂ္ဂဇင်း၊ ရုပ်ပြ စသည်တို့ကို နေ့စဉ်နံနက် ၉:၃၀နာရီမှ ညနေ ၄:၃၀ နာရီအထိ ငှားရမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ အနာဂတ်နိုင်ငံတော်အတွက် အားထားရသော လူငယ်လူရွယ်များ အသိဉာဏ်ပညာ တိုးတက်မြင့်မားရေး၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြား ဆင်ခြင်ဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်၏ သားကောင်းရတနာများ ပေါ်ထွန်းလာစေရေးတို့အတွက် အဘက်ဘက်က ဆောင်ရွက်လျက်ရှိရာ လူငယ်များစာပေ လေ့လာဖတ်ရှုပြီး ဗဟုသုတကြွယ်ဝစေရေးအတွက် စာပေဖတ်ရှုသူများလာအောင် စာအုပ်စာစောင်များကို တိုးမြှင့် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ ပညာရပ်စုံ၊ ရသစုံ၊ အကြောင်းအရာစုံ စာကောင်း၊ ပေကောင်းများကို စာဖတ်ပရိသတ်များ ဖတ်ရှုရာမှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်နယ်ပယ်များ အကြောင်းကိုပါ သိရှိမှတ်သားရ၍ စာငှားသူ စာဖတ်ပရိသတ်များဖြင့် စာဖတ်ရှိန်မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)