ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့် တောင်ငူမြို့တို့တွင် မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲများ ကျင်းပ

ပဲခူး   ဩဂုတ်   ၂၄

ပဲခူးတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြေင်းလဲစေသော မူးယစ်ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ယမန်နေ့နံနက် ၁၀နာရီ က ပဲခူးမြို့၊ ..က () သီရိပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမှတ် (၃၆)မူးယစ်တပ်ဖွဲ့စု ပဲခူးမြို့မှ တပ်ဖွဲ့စုမှူး၊ ရဲမှူးဆန်းထွန်း က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ဆေးခြောက်ထည့်သွင်းထုတ်လုပ်ထားသော အစားအစာနှင့်ဆေးဝါးများ၊ မူးယစ်ဆေးဝါး အာနိသင်ပါရှိသော အစားအစာများအား သုံးစွဲ၊ ရောင်းချမှုမရှိစေရေးအကြောင်း၊ အမှတ် () လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ ပဲခူးမြို့မှ ရဲအုပ်အေးကြည်ပြာသိန်း က လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပညာပေးအချက်အလက်များအား ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာ/ ဆရာမ (၂၀)ဦး၊ ကျောင်းသား/သူ (၃၃၀)ဦး၊ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အလားတူ တောင်ငူမြို့၊ ..က () မင်းကြီးညိုအဆောင်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို အမှတ် (၃၆)မူးယစ်တပ်ဖွဲ့စု ရဲအုပ်ဇော်မင်းအေးက အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အခမ်းအနားသို့ ဆရာ/ဆရာမ (၁၂)ဦး၊ ကျောင်းသား/သူ (၂၀၀)ဦး၊ စုစုပေါင်း (၂၁၂)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)