ပေါက်ခေါင်းမြို့၌ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင် A နှင့် သန်ချဆေးများ တိုက်ကျွေးပေး

ပေါက်ခေါင်း     ဩဂုတ်    ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ အသက် လမှ နှစ်အရွယ်အတွင်း ကလေးငယ်များကို ဗီတာမင် A နှင့်သန်ချဆေးများ တိုက်ကျွေးပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်    နာရီအချိန်မှ စတင်၍ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းဆရာမများနှင့် ပူးပေါင်းအဖွဲ့များက အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးပေးလျက်ရှိသည်။

ထိုသို့ဗီတာမင် A နှင့် သန်ချဆေးများ တိုက်ကျွေးပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမများနှင့် သားဖွားဆရာမများက အသက်    လမှ နှစ်အရွယ်ထိ ကလေးငယ်များကို ဗီတာမင် A ဆေးတစ်မျိုးသာ တိုက်ကျွေးပေးပြီး၊ အသက်    နှစ်မှ    နှစ်အထိ ကလေးငယ်များကို ဗီတာမင် A နှင့် သန်ချဆေးနှစ်မျိုးလုံးကို တိုက်ကျွေးပေးခဲ့သည်။ အဆိုပါဆေးများ တိုက်ကျွေးပေးရာသို့ ကလေးမိဘများမှ ကလေးမွေးစာရင်း မူရင်းစာရွက်ကို တစ်ပါတည်း ယူဆောင်လာရပြီး၊ နောက်ရက်များတွင်လည်း ကျန်ရှိနေသည့် ရပ်ကွက်များသို့ ဆက်လက်တိုက်ကျွေးပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)