ဇမ္ဗူသီရိ ဩဂုတ် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက “အမျိူးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က အကြမ်းဖက်မှုအမျိုးအစားများ၊ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်နစ်နာမှုအခြေအနေများနှင့် အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုမခံရစေရေးအတွက် ကာကွယ်ရမည့်နည်းလမ်းများ စသည့်အကြောင်းအရာများအား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အလို့ငှာ အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)