မဟာအောင်မြေမြို့နယ် အမှတ်(၃)အ‌ခြေခံပညာမူလတန်းကျောင်း၌ ကလေးများစုပေါင်းစာဖတ်ဝိုင်းကျင်းပ

မဟာအောင်မြေ ဩဂုတ်၂၅

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန အမှတ်(၃)အ‌ခြေခံပညာ မူလတန်းကျောင်း၌ ယနေ့နံနက် (၁၁) နာရီက ကျောင်းသား/သူများ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးငယ်လေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စာ‌အုပ်စာပေများကို မှန်ကန်စွာ ဖတ်တတ်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်များမြင့်မားလာစေရန်၊ စာလုံးပေါင်းသတ်ပုံ၊ စာပေဖတ်ရှုမှု အဖြတ်အတောက်မှန်ကန်စေရန်၊ စာပေမှအသိပညာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ စုပေါင်းစာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က  ကျောင်းသား/ ကျောင်းသူ လေးများအား ကလေးများစုပေါင်းစာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းစာဖတ်ဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ  ကျောင်းသား/ကျောင်းသူလေးများအား စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးမှ စာလုံးပေါင်းသတ်ပုံများ မှန်ကန်စွာဖတ်ရှုတတ်စေရန် တစ်ဦးချင်းစီဖတ်ရှုပြသခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အောင်ဇော်မင်း