ကျွန်းလှ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ယနေ့နံနက်ပိုင်းက ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးဆက်လက်ထိုးနှံ၊ တိုက်ကျွေးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြိုနယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက အသက် နှစ်လမှ တစ်နှစ်ခွဲထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝမ်းလျှောဝမ်းပျက်ကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုးဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံ၊ တိုက်ကျွေးပေးကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ