လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးသူငယ်များ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

လားရှိုး ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့ နေ့လယ်(၂)နာရီ အချိန်က ကလေးသူငယ်များ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

ကလေးသူငယ်များ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ လားရှိုးမြို့၊ အမှတ်(၃) အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အိအိသိမ့်က ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မုန့်များပေးဝေ ခဲ့ကြသည်။

ကျောင်းသား/ကျောင်းသူ ကလေးသူငယ်များ ကာယဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကောင်းမွန်သောယှဉ်ပြိုင်မှုများ ယှဉ်ပြိုင်တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ အစုအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)