ငပုတော သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ကာယ၊ ဉာဏ စွမ်းရည်ဖွံဖြိုးတိုးတက်စေရန်၊ ကလေးငယ်လေးများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်များ မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာပေမှ အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ စာသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့မွန်လွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုရီက အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြိုနယ်တာဝန်ခံဦးစီးမှူး ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများက စာသုံးသူများအနေဖြင့် ရရှိနိုင်သော အခွင့်အရေးများ ဈေးကွက်အတွင်း ကုန်စည်များ ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ စားသုံးသူအနေဖြင့် စာသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်စည် ကုန်အညွှန်းအမှတ်အသား တံဆိပ်ပါဝင်သည့် ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲကြရန်ဘေးဥပါတ် အန္တရာယ်ရှိသည့် ကုန်းပစ္စည်းများကို စိစစ်၍ သေချာဝယ်ယူသုံးစွဲရန်၊ ကုန်စည်ကုန်ညွှန်းအမှတ်အသား ပါရှိစေရေး ပြည်တွင်းကုန်စည်စီးဆင်းမှုများတွင် စာသုံးသူရေးရာဝန်ကြီးဌာနမှ စိစစ်ထောက်ခံထားသည့် ကုန်စည်သာတင်သွင်းရောင်းချပြီး အရည်အသွေး ပြည့်မှီစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်း စောင့်ကြည့်ကွင်းဆင်းစစ်ဆေးမှုများရှိကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာ ကျောင်းသား ကျောင်းသူများ နံရံကပ်စာစောင်၊ စာအုပ် စာစောင်များကို ဖတ်ရူ့ လေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်