အမာမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင်နည်း သင်တန်းအခမဲ့ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၁)နာရီက ပန်းအလှပြင်သင်တန်း အခမဲ့ဖွင့်လှစ် သင်ကြားခဲ့သည်။

ဖျာပုံမြို့၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ် (၂) ဆင်းပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာ/ဆရာမများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ အထက (၃) ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပ​ပြုလုပ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းအတွင်း မွေးမြူရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းအတွင်း မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ယနေ့နံနက် ၁၀ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပင်လုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှူးဂုဏ်နန်းကင်ပူဘုရားကျောင်းဝန်းရှိ ဘုန်းကြီးကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ နန်းကင်ပူဘုရားကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ကောင်းမှူးဂုဏ်နန်းကင်ပူဘုရားဝင်းရှိ ဘုန်းကြီးကျောင်းသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၁၂) နာရီအချိန်က ပင်လုံမြို့ ကောင်းမှူးဂုဏ်နန်းကင်ပူဘုရားကျောင်းဝင်းရှိ ဘုန်းကြီးကျောင်းသို့သွားရောက် ဆောင်ရွက်ပေးခဲ့ပါသည်။

နမ့်စန်မြို့တွင် မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီတွင် မြို့မစည်ပင်သာယာဈေးအတွင်း ပုံမှန်မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to