ကံမမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်မှု ဆောင်ရွက်

ကံမ ဒီဇင်ဘာ ၁၀

ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနှင့်သာ ဖော်ဆောင်နိုင်မည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ပါဝင် မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွဖော်ဆောင်နိုင်‌ရေး၊‌ ရွေးကောက်ပွဲဆိုင်ရာများကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ကံမမြို့၌ လှုံ့ဆော်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒီဇင်ဘာ(၁)ရက်နေ့မှစတင်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနိုင်၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ လူစည်ကားရာနေရာများတွင် “ဒို့တူတူမဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” (Billboard) စိုက်ထူခြင်း၊ ဗီနိုင်းပိုစတာများချိတ်ဆွဲခြင်း၊ ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်နိုင်ရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဖြင့် ပြည်သူများမဲရုံများသို့ သွားရောက်မဲပေးနိုင်ရေး လှုံ့ဆော်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)