ပုသိမ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် စတစ်ကာများ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် စတစ်ကာများဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့အဝင်နာရီစင်အနီး၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးညွန့်ဆန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစည်သူနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း (၇၀) ဦးဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

ညောင်ဦးမြို့နယ်တွင် နေ့စဉ် ဘုရားဖူးခရီးသွား ၅၀၀၀ ကျော်လာရောက်လည်ပတ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒေသခံပြည်သူများနှင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ စည်ကားစွာ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

ခရမ်းမြို့နယ်၊ ရွှေဘိုစုကျေးရွာ အ.လ.က (ခွဲ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁ဝ) နာရီက ခရမ်းမြို့ ရွှေဘိုစုကျေးရွာ အ.လ.က (ခွဲ) ကျောင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး  တိုက်ဆိုင်‌စစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ မင်္ဂလာဒုံခရိုင်၊‌ ရွှေပြည်သာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေပြည်သာမြို့နယ် အ.ထ.က (၁) ရွှေပြည်ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ချမ်းမြသာစည်မြို့နယ်၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီအချိန်က အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲ ချယ်ရီစူပါစိမ်းခန်းမတွင် ကျင်းပသည်။

သံဖြူဇရပ်၌ စက်သုံးဆီအ​ရောင်းဆိုင်များအား သတ်မှတ်​စျေးနှုန်းအတိုင်း​ ရောင်းချ​နေမှု ရှိ/မရှိ စစ်​ဆေး​ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအ​ရောင်ဆိုင် (၃) ဆိုင်အား ရည်ညွန်းသတ်မှတ်​စျေးနှုန်းအတိုင်း​ ရောင်းချ​နေမှု ရှိ၊ မရှိ သွား​ရောက်စစ်​ဆေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် အ.လ.က (၁) ဗိုလ်ချုပ်ကျောင်း၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် အ.လ.က (၁) ဗိုလ်ချုပ်ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်(ပြည်) ဗိုလ်မှူးချုပ်စိုးဦးဟန် သာယာဝတီခရိုင် မြို့နယ်နှင့် လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကော်မတီဝင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်(ပြည်) ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့်အဖွဲ့ဝင်များသည် သာယာဝတီခရိုင် မြို့နယ်နှင့်လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီဝင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက (၂)လမ်း မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to