ပေါင်းတည်မြို့၌ စည်ပင်သာယာရေးစျေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသ လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၂ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးနှင့်ရွှေတည်စျေးတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ကြသည်။

တိုက်ကြီးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် သတိပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ တိုက်ကြီးခရိုင်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်က တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းများကို မီးငြှိမ်းသတ်ယာဉ်များဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။

မိုးညိုမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ အခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။   

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့် စက်သုံးဆီ သယ်ယူရောင်းချမှု ညှိနှိုင်းအစည်းအဝေး တက်ရောက်

တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီ သယ်ယူရောင်းချမှု ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စားသုံးဆီ၊ စက်သုံးဆီလုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာ၌ ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၁၀) တညင်ကုန်းကျေးရွာ၊ ပေါ်တော်မူဘုရားဝန်းရှိ ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း ဆောင်းသီးနှံစုံ ၆၇၈၅၇ ဧက စိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း ဆောင်သီးနှံစုံစိုက် ၆၇၈၅၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြခံတိုင်းရင်းဆေးပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ချင်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံတိုင်းရင်းဆေးပညာသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား ၊ သင်တန်းသူများ တက်ရောက် ကြသည်။

သာပေါင်းမြို့၌ သတ္တမအကြိမ်မြောက် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီး ဘဝနတ်နန်းစံမြန်းတော်မူသော(၇)နှစ်ပြည့်အထိမ်းအမှတ် ဒုတိယည ဓမ္မသဘင်ပူဇော်ပွဲစီရင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း၊ ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မ ဝိဇယ ဓမ္မာရုံ၌ သာသနာနှစ်-၂၅၆၈၊‌ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နတ်‌တော်လပြည့်ကျော်(၁)ရက်နေ့၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီအချိန်က သတ္တမအကြိမ်မြောက် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီးဘဝနတ်နန်းစံမြန်း‌တော်မူသော (၇)နှစ်ပြည့်အထိမ်းအမှတ် (၃)ရက် (၃)ညတာ ဓမ္မသဘင်ပူဇော်ပွဲ ဒုတိယညတရားပွဲစီရင် စတင်ကျင်းပကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနား တက်ရောက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့သည်။

ကိုဗစ်‌ရောဂါကာကွယ်ဆေး (PFIZER  VACCINE) ဈေးများတွင် ကွင်းဆင်းထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (PFIZER VASCCINE)များ ထိုးနှံခြင်း ဆောင်ရွက်‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ (၇၁) ရပ်ကွက်ရှိ ဗဟိုရ်စည်ဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသုဝေနှင့် ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးကြောင်း သတင်းရရှိသည်။
Subscribe to