ရွှေဘိုမြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံ

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ချမ်းမြေ့လေးထပ်ဆောင် (ရွှေဘိုပြည်သူ့ဆေးရုံဝင်းအတွင်း) တွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရုံးဖွင့်ရက်များ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲက ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ ညောင်ဦး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးကျော်မင်းညိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဦးအောင်ဆွေဦး၊ ခရိုင်နှင့်မြို့နယ်ပညာရေးဝန်းထမ်းများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

လိပ်သိုဒေသတွင် နနွင်းတက်များ စတင်တူးဖော်ရောင်းချချိန် ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဥယျာဉ်ခြံလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ ဆောင်းရာသီကာလ နနွင်းတက်များ စတင်တူး​ဖော်ရောင်းချချိန် ဈေးကောင်းရလျက်ရှိနေ ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ လျှပ်စစ်ဓာတ်ဖြန့်ဖြူးပေးနေမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၌ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၌ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃာတော်အပါး (၅၅၀) ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်း၌ ဒုတိယအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင် အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုကိပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဟုမ္မလင်း)၏ ဒုတိယအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများကို ယမန်နေ့က အ.မ.ကလွန် (ကံကလေး)ကျောင်း၌ ပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာ ဈေးများ၊ ကားဂိတ်များတွင် ဖြန့်ဝေပေးခဲ့သည်။ 

သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို (MEVM)မဲပေးစက်တွင်အတည်ပြုတပ်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲရုံ ၁၃ ရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များ၊ မဲပေးရာတွင်အသုံးပြုမည့် ဆက်စပ်ပစ္စည်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တွင် အတည်ပြုတပ်ဆင်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Subscribe to