မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံသဘောတရားများကို နားလည်စေရန်နှင့် အပြည်ပြည်ဆိုင်ရာတွင် လက်တွေ့ကျင့်သုံးပုံများကို သိရှိနားလည်စေရန်၊ သိသင့်သိထိုက်သည့် လူမှုရေးဆိုင်ရာဥပဒေ ဗဟုသုတများကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးတတ်စေရန်နှင့် လူမှုရေးကိစ္စရပ်များတွင် တရားမျှတစွာ စဉ်းစားဆုံးဖြတ်တတ်စေရန်၊ ပြစ်မှုဆိုင်ရာဥပဒေများ၏ သဘောတရားကို သိရှိနားလည်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဥပဒေပညာဌာနမှ ကြီးမှူး၍ ဥပဒေပညာအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘွဲ့ကြိုသင်တန်း၊ ဘွဲ့လွန်သင်တန်းနှင့် ဒီပလိုမာသင်တန်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် အထူးပြုဘာသာရပ် (၂၈) ခုမှ ကျောင်းသား၊ ကျောင်းသူများအား နေ့စဉ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။