တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းဟောပြောပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဒီဇင်ဘာ ၈ ရက်နေ့က မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ဟင်္သာတမြို့နယ်ရှိ နတ်မော်အထကကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး အမျိုးသမီးများပေါ် အကြမ်းဖက်မှုပပျောက်အရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

အမျိုးသမီးများပေါ် အကြမ်းဖက်မှုပပျောက်အရေး ( ၁၆ ) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ၎င်းတို့၏ ဇနီးများ၊  ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဘားအံမြို့၌ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၁/၂၀၂၅)ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဘားအံ)မှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၁/၂၀၂၅)ကို ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၈ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်း​နေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ချက်ပြုတ်ကျွေးမွေး

ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း (ပဥ္စမအကြိမ်)ကို ယနေ့နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြုအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အမျိုးသမီများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြုအကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၈ ရက်က ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် မဲရုံဖွင့်လှစ်မည့် စာသင်ကျောင်းများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဒီဇင်ဘာ (၂၈) ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် စာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်က ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းနှင့် ဝန်ထမ်းများကမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါရှိသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ဒီဇင်ဘာ ၈ ရက် နံနက် ၁၀ နာရီက အနော်ရထာခန်းမ၌ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

မဟာ‌အောင်မြေမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက်  ‌“ဒို့အတူတူမဲပေးကြမယ်” သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့‎တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွ" “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်း မွန်သော အနာဂတ်ဆီသို့ မြေစိုက်ပိုစတာစိုက်ထူခြင်းတို့ကို ဒီဇင်ဘာ ၇ ရက်က မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။  

မဲစာရင်းများမှန်ကန်စေရေး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး door to door စစ်‌ဆေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေးနှင့်မဲစာရင်းများမှန်ကန်စေရေး ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး Door To Door စစ်ဆေးခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Subscribe to