ပေါင်မြို့နယ်၌ မဲပေးရန်နည်းလမ်းများ လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲပေးရန်နည်းလမ်းများ လက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များပူးပေါင်း၍ မင်္ဂလာဈေး၊ ကားဂိတ်၊ တက္ကဆီဂိတ်၊ ဆိုက်ကားဂိတ်များ၌ ပေးဝေခဲ့သည်။

မဟာအောင်မြေမြို့နယ်၌  ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုများဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်နေ လူငယ်လူရွယ်(ကျား/မ)မရွေး  ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအနေဖြင့် အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက  ကျင်းသည်။

မြစ်သားမြို့နယ်တွင် ကျေးလက်လမ်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုအား   ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ပြင်ဆင် ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသော ၂၁ မိုင်လမ်းမှ တောင်တောကုန်း-ဂဠုန်ကန်လမ်း မြေသားပြုပြင်ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဖြစ်သည့် (0.501  km × 4.27m × 100mm) လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား  ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ကျောက်ဆည်ခရိုင်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်အတူခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ဒီဇင်ဘာ ၁၀  ရက်နေ့ နံနက်  ၁၀ နာရီခွဲက  အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။                                                                         

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့​နေ့နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)သရက်ပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  ဒီဇင်ဘာ  ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်ဆုတောင်းဝတ်ပြုပွဲပြုလုပ်

ခရစ်သက္ကရာဇ် (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဆုတောင်းဝတ်ပြုပွဲကို ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ဒီဇင်ဘာ ၉ ရက်နေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပရာ သိက္ခာတော်ရဘုန်းတော်ကြီး Rev.Fr သိန်းမောင်၏ အဖွင့်ဆုတောင်းမေတ္တာနှင့် ကျောင်းသား၊ ကျောင်းသူများ၏ “တိတ်ဆိတ်ည၊ သန့်ရှင်းည” သီချင်းဖြင့် အခမ်းအနားကို စတင်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်၌ “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အ‌ရောက် ဆက်လက်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရေး “ဒို့အတူမဲ‌ပေးကြမယ်” ရွေးကောက်ပွဲ လှုပ်ဆော်လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာတွင် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လူငယ်များအားဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေး၊ နိုင်ငံတော်အတွက်အားထား ရမည့် နိုင်ငံ့သားကောင်းရတနာများဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့က မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း(တာချီလိတ်ရုံးခွဲ)ဖွင့်ပွဲအခမ်းအနား ကျင်းပ

‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း(တာချီလိတ်ရုံးခွဲ)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ကျင်းပခဲ့သည်။
Subscribe to