ခန္တီးမြို့၌ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ကလေးငယ်များအား ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်အတွက် ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်​​ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ကျင်းပခဲ့သည်။

IBEC-KBU Buddhist University ၏ ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့်သုတေသနစာတမ်းဖတ်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)တွင် IBEC-KBU Buddhist University ၏ ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် သုတေသနစာတမ်းဖတ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်း ပရိယတ္တိရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာ၌ ပဲမျိုးစုံ ၃၅၉၆၅ ဧက စိုက်ပျိုး ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ  ဆောင်းသီးနှံများစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံသီးနှံဖြစ်သည့်  မတ်ပဲ၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲလွန်း၊ ပဲယဥ်း၊ ပဲကြီး၊ စားတော်ပဲ၊ မြေပဲ အခြားပဲနှင့် သီးနှံစုံ  ၆၁၁၃၆ ဧကစိုက်ပျိုးရန်  လျာထားခဲ့ရာ ယနေ့အထိ ပဲမျိုးစုံ ဆောင်းသီးနှံ ၃၅၉၆၅ ဧက အား စိုက်ပျိုးပြီးစီးနိုင်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ ပျော်ဘွယ် ဒီဇင်ဘာ ၁၈ မေစောမွန်(ပြန်/ဆက်)

တန့်ယန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅-ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) ရပ်ကွက်ရှိ ခန်းမ၌ ကျင်းပသည်။

သာစည်မြို့နယ် အ.ထ.က (ခွဲ) ရွာကြီး၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

သာစည်မြို့နယ် အ.ထ.က (ခွဲ) ရွာကြီး၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် သာစည် ဒီဇင်ဘာ ၁၈ မြို့နယ်(ပြန်/ဆက်)

စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင် (၄) ဦးတို့သည် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များ ရှိစက်သုံးဆီအရောင်းဆိုင်များသို့ ယမန်နေ့က လိုက်လံကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။
Subscribe to