မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် (GBV) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သားဖွားသင်တန်းကျောင်း (မြိတ်) ခန်းမတွင် ကျင်းပသည်။

ဖျာပုံမြို့နယ် အ.ထ.က (ခွဲ) ထလွန်ကျောင်း တွင် စာဖတ်ရှိန်မြှင့်တင်ရေး" လူငယ်စကားဝိုင်း" ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ​ ​ယမန်နေ့ နံနက် ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.ထ.က (ခွဲ) ထလွန်ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့အတွင်းရှိ အာမခံအလုပ်သမား (၃၀၀)ဦးတို့၏ သားသမီး(၄၀၀)ကျော်တို့အတွက် ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နှင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်များ ထောက်ပံ့ပေးအပ်

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ အာမခံ အလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ် ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်နှင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အကျိုး ခံစားခွင့်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အလုပ်သမား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်ကြသည်။

သထုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့ ပူး‌ပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ ရွာဦးကျောင်းပြင်ပပညာရေး အခြေစိုက်စခန်း (သမီးတော်ကုန်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော် အသိပညာပေး Campaign ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် သင်္ဘောဆိပ်တို့တွင် ဆက်လက်၍ ဆောင်ရွက်လျက်ရှိသည်။

သဲကုန်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်​ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်သောအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီအချိန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို အ.မ.က(မြင်းနီ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ  ဆောင်ရွက်

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများမပေါ်ပေါက်စေရေးအတွက် ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက စတင်၍ ချမ်းမြသာယာရပ်ကွက်၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ကော့သောင်း၌ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ ကြိုဆိုဂုဏ်ပြု ကွင်းဆင်းဆေးကုသ

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အကြိုကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဟောပြောပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု (၇)မိုင်၊ ချောင်းဝကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ညောင်ဦးမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ပြည်သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီက လူစည်းကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့က နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ထီတန်းလိတ်‌ကျေးရွာတွင် ပြုလုပ်သည်။
Subscribe to