ကွန်ဟိန်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ကွန်ဟိန်း ဒီဇင်ဘာ ၁၀

၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဘေး မြေစိုက်နံရံကပ်ပြဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်၏ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းပုံများ၊ ဒို့အတူတူမဲပေးကြမယ် စာစောင်များ၊ EVM စက်နဲ့ ဘယ်လို့မဲပေးကြမလဲ ခေါင်းစဥ်ဖြင့်မဲပေးပုံစံများ၊ မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ပုံစံ(၁)ကနေ ပုံစံ(၉)အထိ စနစ်တကျမဲပေးခြင်းများ၊ မဲပေးခြင်းများ လက်တွေ့ပညာပေးမှတ်တမ်းဓါတ်ပုံများ စသည်အချက်များပြသထားရှိရာ မြို့နေပြည်သူများက စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)