မိုင်းရှူးမြို့တွင် (၇၈)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းရှူး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က (၇၈)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက ပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းနှင့် ကစားပုံကစားနည်းများပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက ကာယစွမ်းရည်ပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရကျောင်းသား၊ကျောင်းသူများအား ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)