လိပ်သိုဒေသတွင် လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် အအေးပိုင်းဒေသ ဖြစ်သောကြောင့် လက်ဖက်ပင်များကို စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လက်ဖက်စိုက်ပျိုးသူတောင်သူများအနေဖြင့် လက်ဖက်အရွက်နုများ ခူးယူကာ လက်ဖက်ခြောက် (အကြမ်းခြောက်) များ ပြုလုပ်ရောင်းချလျက်ရှိနေကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ ပိန္နဲကုန်းကျေးရွာ အ.ထ.က(ခွဲ)တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာပီမိုးနင်း ရေးသားသည့် “တိုးတက်ရေးလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ပိန္နဲကုန်းကျေးရွာ အ.ထ.က(ခွဲ)၌ ကျင်းပသည်။

ကျောက်ဆည်မြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် စအွန်ကျေးရွာ စာကြည့်တိုက်ဆောက်လုပ်နိုင်ရန်အတွက် ဥရူတိုင်ထူမင်္ဂလာ အခမ်းအနားကျင်းပ

နိုင်ငံတော်အစိုးရက ပြည်သူများစာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာ ထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထား ရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာကြည့်တိုက်ဆောက်လုပ်နိုင်ရန်အတွက် ဥရူတိုင်ထူမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာတွင် ကျင်းပသည်။

ငါးသိုင်းချောင်းမြို့တွင် အသက် (၇၀) နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် (၁၁း၀၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်းသိရသည်။

ပေါင်မြို့နယ်၌ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို အောက်ဒီဇင်ဘာလ (၁၈) ရက်နေ့ နံနက် (၉) နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါး ခေါင်နှံကောက်၍ မျိုးသန့်ရွေးချယ် သိမ်းဆည်းခြင်း ကွင်းသရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မျိုးကောင်းမျိုးသန့်စပါး ရရှိရန်အတွက်  မိုးစပါးခေါင်နှံကောက်၍ မျိုးသန့်ရွေးချယ် သိမ်းဆည်းခြင်းကွင်းသရုပ်ပြကို ယနေ့နံနက် ၉ နာရီက မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၁)၊ တောင်သူ ဦးတင်ဌေးဝင်း၏ ဧရာမင်းစပါးမျိုး မ (၅) ဧက၌ ကျင်းပသည်။

ထန်းတပင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဂတ်(စ်) ရည်ဖြည့်သည့် ဆိုင်များအား လိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဂတ်(စ်)ရည်ဖြည့်သည့် ဆိုင်များအား လိုက်လံစစ်ဆေး အသိပညာပေးပြောကြားခဲ့သည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to