ဟိုပုံး စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် E-Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် မွန်းလွဲ ၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက ပြောင်းလဲတိုးတက်လာတဲ့နည်း ပညာများနဲ့အညီ Digital library စနစ်သို့အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် E-Library Management System Software ကို ခရိုင်နှင့် မြို့နယ်များမှာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရတော့မှာဖြစ်ကြောင်း၊ စာကြည့်တိုက်မှူးများ စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်နေကြတဲ့ ဝန်ထမ်းများ အနေဖြင့်လည်း စာကြည့်တိုက် အခန်းကဏ္ဍမြှင့်တင်နိုင်ဖို့အတွက် အရည်အသွေး မြှင့်တင်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်လုပ်ငန်း စတင်ဆောင်ရွက်ကြရ မှာ အဆင်ပြေချော့မွေ့ရေးအတွက် သင်တန်းကိုတက်ရောက်ပေးကြတဲ့ ကွန်ပျူတာအခြေခံကျွမ်းကျင်တတ်မြောက်တဲ့ ဝန်ထမ်းများကို E-Library Management System Software အသုံးပြုနည်းဆင့်ပွား သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဒုတိယဦးစီးမှူး ဦးခွန်အာကာထွန်းက E-Library Management System Software နှင့် ပတ်သက်၍ စာစုစာရင်းသွင်းခြင်း၊ ကက်တလောက်လုပ်ငန်း၊ စာငှားလုပ်ငန်းစသည်တို့ကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ(၅)ရက် နေ့မှ စက်တင်ဘာလ(၆) ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)