ရေတာရှည်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်

ရေတာရှည် စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်းအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦး​ကောင်းထက်နိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား စက်တင်ဘာလ () ရက်​နေ့မှ (၃၀) ရက်​နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ရေတာရှည်(ပြန်/ဆက်)