တောင်ဥက္ကလာပ စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁:၀၀)နာရီက အခြေခံပညာကျောင်းများသို့ သွားရောက်ငှားရမ်းပေးကြောင်း သိရသည်။
ထိုသို့ငှားရမ်းဆောင်ရွက်ပေးရာတွင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်းသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအားပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်များ(၂၅)အုပ်ကို အသစ်ပြန်လည်လဲလှယ် ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့်သူများအတွက်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်းသိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်များငှားရမ်းပေးခြင်းကို တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ နေ့ရက်အလိုက် အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)