ရေတာရှည် စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာကျင့်သုံးစေရေးအတွက် ယမန်နေ့နံနက် (၇) နာရီအချိန်မှစ၍ လူစည်ကားရာ မြဝတီလမ်းနှင့် ရန်ကုန်-မန္တလေး ကားလမ်းဆုံ၌ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဒေသခံများနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ နေထိုင်လုပ်ကိုင်သွားလာစေရေး၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံစေရေး အသိပညာပေး ပြောကြားခြင်း၊ Mask များကို အခမဲ့ဖြန့်ဝေပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီ အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)