စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ

စမ်းချောင်း စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ စမ်း​ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျွန်းတော(တောင်)ရပ်ကွက်အတွင်း ကိုဗစ်ရောဂါမျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးနိုင်ရေးကို ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပူးပေါင်းအဖွဲ့များက ခရီးသွား ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် စမ်းချောင်းမြို့နယ် ကိုဗစ်-၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာ‌ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျွန်းတော (တောင်)ရပ်ကွက်အတွင်းနှင့် ကျွန်းတောစျေးအတွင်းရှိ စျေးရောင်း/ဈေးဝယ် ပြည်သူများနှင့် ခရီးသွားလာကြသည့် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများကို လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကိုလည်း