သာပေါင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာ Mask Campaign ပြုလုပ်၍ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ပြည်သူများသွားလာစည်ကားရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံးရှေ့ ဥယျာဉ်တန်းလမ်းနှင့် ဘောလုံးကွင်း လမ်းထောင့် နေရာမှ Mask များ အခမဲ့ဖြန့်ဝေ တပ်ဆင်ပေးခဲ့ကြသည်။
Mask များ အခမဲ့ဖြန့်ဝေခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ အဖွဲ့၀င်တို့က ပြည်သူများအားနေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက မဖြစ်မနေ စနစ်တကျ Mask တပ်ဆင်သွားရန်နှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားလာကြရန် အသိပညာပေး နှိုးဆော်တိုက်တွန်း ပြောကြားပြီး Mask တပ်ဆင်လာခြင်းမရှိသော ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်းသာပေါင်း(ပြန်/ဆက်)