သနပ်ပင် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့မဈေးအတွင်း/အပြင်များတွင် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေသူများနှင့် ခရီးသွားလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် (Mask)အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက မြို့မဈေးအတွင်း၌ ပြုလုပ်ခဲ့သည်။
ထို့သို့အသိပညာပေးခြင်းနှင့် (Mask)အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်သူရ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါညွှန်ကြားချက်များ၊ နည်းလမ်းများ၊ စည်းကမ်းချက်များအား စနစ်တကျလိုက်နာရန်၊ ဈေးရောင်းသည့်အခါ နှာခေါင်းစည်း(Mask)ကို တပ်ဆင်ပြီးမှ အရောင်းအဝယ်ပြုလုပ်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ ယခုအခါ မြန်မာနိုင်ငံအချို့မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လေးစားလိုက်နာ၍ နေထိုင်သွားလာကြရန်၊ အပြင်ထွက်တိုင်း Mask စနစ်တကျ တပ်ဆင်ပြီးသွားလာကြရန်၊ အသိပညာပေးပြောကြားကာ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)