မြစ်သားမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မြစ်သား    စက်တင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်  နိုးသူ ( Book  Club ) အသင်းဝင်များ၊ စာဖတ်ပရိသတ်တို့ပူးပေါင်း၍ ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ထုတ်  ဒို့ကျေးရွာဂျာနယ်မှ စာရေးဆရာ ယု(ဟီးရိုး)ရေးသားသော “စာတတ် မြောက်ခြင်း စာဖတ်ရှိန်မြင့် မားခြင်းနှင့်နိုင်ငံ ဖွံ့ဖြိုးတိုး တက်မှု”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ တွင်ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာအောင်က စာဖတ်ဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဒေါ်ထွန်းထွန်းမော်က  အဆိုပါ ဆောင်းပါးတွင်ပါဝင်သည့် ပညာစွမ်းရည်၊ဉာဏစွမ်းရည်၊လူမူရေးစွမ်းရည်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးတွက် “ပညာအခြေခံသောစာတတ်မြောက်ရေးသည် မရှိမဖြစ်လိုအပ်သော စွမ်းအား”များ ဖြစ်သည့်အချက်များနှင့်စာတတ်မြောက်ခြင်းသည် လူတစ်ဦး တစ်ယောက်၏ ဘဝ၊ လူနေမှုအ ဆင့်တန်းတို့ သာမက မိသားစု၊ ရပ်ကွက်နှင့်လူအဖွဲ့အစည်းကိုပါ ပြောင်းလဲစေနိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူ တည်ပြီးအသိပညာ ဖွံ့ဖြိုးတိုးတက်မှု မှာလည်း စာတတ်မြောက်မှုအပေါ်များစွာ အမှီသဟဲပြုနေသဖြင့် စာတတ် မြောက်မှုကို အလေးထားဆောင်ရွက်ရမည်စသည့် ဆောင်းပါးပါအကြောင်းအရာ များကို ဖတ်ကြား ဆွေးနွေးရာ မစိုးစန္ဒာထွန်း၊ မယမင်းသွယ်နှင့် မချမ်းမြေ့ထွန်းတို့မှ သိလိုသည်များကို မေးမြန်းရာတက် ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန်ဆွေး နွေးခဲ့ကြောင်းသိရသည်။

ရဲနိုင်ဦး(မြစ်သား)