တွံ​တေးမြို့နယ် အ.ထ.က(၂) ကျောင်းသို့ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

​တွံတေး ​စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊​ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် အသက်(၁၀)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်​ပေးလျက် ရှိရာ ယမန်​နေ့ နံနက် (၁၀)နာရီ အချိန်က အမှတ်(၂)အ​ခြေခံပညာ​ အထက်တန်း​ကျောင်း၌ ပညာရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ​တွံတေးမြို့နယ်  ဦးစီးမှူးရုံး မြို့နယ် ဦးစီးမှူး ဦးဝင်းမြင့်ဦး ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အမှတ်(၂) အခြေခံပညာအထက်တန်း​ကျောင်းရှိ အသက် (၁၀)နှစ်နှင့်အထက်​ ကျောင်းသား၊ ကျောင်းသူ များအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် နည်းလမ်းများကိုလည်း သိရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပန်းခင်းစီမံချက်(၂) ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အတွင်းရေးမှူး ယာယီရဲမှူး မျိုးဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇာနည်မောင်၊ အဖွဲ့ဝင်(၂)ဦးဝင်းမြင့်၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့က ပန်းခင်းစီမံချက် (၂)ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များနှင့် အညီ ပြည်သူများ လူမှုဘဝပြည့်စုံစေရန် ကိုင်ဆောင်သင့် ကိုင်ဆောင်ထိုက်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များအား ရပ်ကွက်/ကျေးရွာများ၊ အခြေခံပညာ ကျောင်းများအထိ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

တွံတေးသား