အိမ်မဲမြို့နယ်တွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းများဆောင်ရွက်

အိမ်မဲ က်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဇရပ်ဆိပ်ကျေးရွာ စိတ္တဓမ္မသုခအောင်ဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး ဦးဆောင်သော စစ်ကြောင်းကြီး (၅) ကြောင်းမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊စည်းရုံးရေး) စသည့်စစ်ကြောင်းကြီးငါးကြောင်းမှ ဒေသဖွံ့ဖြိုးရေး အတွက်လာရောက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နေကြာသီးနှံစိုက်ပျိုးသည့်အကြောင်း အရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးကောင်းမြတ်စံ ကလုံခြုံရေးဆိုင်ရာအပိုင်း၊ လက်ရှိ ဆောင်ရွက်ရမည့်အခြေအနေ၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃)ဦးအောင်နိုင်ဦးက ပန်းခင်းစီမံချက်အကြောင်း၊ မြို့နယ်ပညာ ရေးမှူးဆရာမကြီးဒေါ်ခင်ဝင်းက ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတတ်နိုင်ရေး အကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦးက စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအကြောင်း၊ စားသုံးဆီဖူလုံနိုင်ရေးအတွက် နေကြာစိုက်ပျိုးရန်အကြောင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးသန်းဆွေမှ လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ် ပုံစံ (၇) အကြောင်း၊ လယ်ယာမြေ အမွေဆက်ခံပိုင်ခွင့်အကြောင်း၊ သရက်ကုန်းတိုက်နယ်ဆေးရုံမှ ကျန်းမာရေးကြီးကြပ် (၁) ဦးပြည့်စုံထွန်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံပေးမည့်အကြောင်း၊ အသက် (၅)နှစ်မှ (၉)နှစ်အထိ ဂျပန် ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေးမည့်အကြောင်း၊မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးအရာရှိ ဦးစဟိန်းလင်းဇော် ကချောင်းဖျား -သရက်ကုန်းလမ်းခင်းမည့်အကြောင်း၊ (၅)ဖာလုံ ကျော်ခင်းပြီးပြီးဖြစ်ကြောင်း၊ (၁၅)ရက်နေ့တွင်လမ်းဖွင့်ပေးမည်ဖြစ်ကြောင်း၊ မြောင်းမြခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်ဦးက သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ ကိုဗစ်- ၁၉ ကြိုတင်ကာကွယ်ရေးအတွင် Mask များကို စနစ်တကျတပ်ဆင်ကြရန်အကြောင်း၊သရက်ကုန်း နယ်မြေရဲစခန်းမှူး ကယာဥ်စည်းကမ်း လမ်းစည်းကမ်း အကြောင်းတို့ကိုအကျယ် တဝင့်ဆွေးနွေးပြော ကြားခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဇရပ်ဆိပ်ကျေးရွာမှ ပြည်သူစုစုပေါင်း (၇၀)ဦးတက်ရောက်ခဲ့ပြီး  စစ်ကြောင်းကြီး (၅)ကြောင်းမှ အဖွဲ့ခေါင်းဆောင်များက  လိုအပ်သော လုံခြုံရေးအစီအမံများ၊ ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကာ ဆန်များနှင့် နှာခေါင်းစည်းများကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)