ချမ်းမြသာစည်မြို့နယ်၌ သူနာပြုဒီပလိုမာသင်တန်းကျောင်း( မန္တလေး)မှ သင်တန်းသား၊ ကျောင်းသူများ မိသားစုကျန်းမာရေး ကွင်းဆင်းကြည့်ရှု

ချမ်းမြသာစည် မတ် ၃၀

​ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ရန်နှင့် မိသားစုကျန်းမာရေး အသိပညာပေးရန်ရည်ရွယ်၍ သူနာပြုဒီပလိုမာသင်တန်းကျောင်း (မန္တလေး) မှ ဒုတိယနှစ်သင်တန်းသား၊ ကျောင်းသူများ မိသားစုကျန်းမာရေး (Family Nursing) ကွင်းဆင်းစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် သူနာပြု​ဒီပလိုမာသင်တန်းသား၊ ကျောင်းသူများသည် အဖွဲ့လေးဖွဲ့ခွဲကာ အိမ်တိုင်ရာရောက်သွားရောက်၍ သွေးတိုး၊ ဆီးချိုနှင့် ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ အိမ်ထောင်စုတစ်ခုချင်းစီ၏ နေထိုင်စားသောက်မှုပုံစံ၊ နာတာရှည် ရောဂါရှိသူများနှင့်ကလေးငယ်များ၏ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ ရာသီပေါ်ကူးစက်ရောဂါများ ကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ စနစ်တကျ ပြုစုစောင့်ရှောက်နည်းများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အရေးကြီးပုံ စသည့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရပ်ကွက်နေပြည်သူများအတွက် ကျန်းမာရေးကွင်းဆင်းစစ်ဆေးပေးခြင်း အစီအစဉ်များကို သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်မှုအတိုင်း ဆရာ/ဆရာမများ၏ ကြီးကြပ်မှုတို့ဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ ဆက်)