ရမည်းသင်း မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်/မြို့နယ်မီးသတ်ဦးစီး ဌာနမှ ရွှေဒါးသာစည်ကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း ဆပ်ပြာစက်ရုံခွဲ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရမည်းသင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များကဆပ်ပြာစက်ရုံခွဲအတွင်း လှည့်လည်စစ်ဆေးကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ 191 Report Application အကြောင်းနှင့် မိမိတို့၏လက်ကိုင် ဖုန်းများတွင် ထည့်သွင်းအသုံးပြုကြစေရေး စည်းရုံးပြောကြားခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားရှိရေးညွှန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်တတ်စေရေးအတွက် ဆီမီးလောင်မှုမီးငြှိမ်းသတ်ရေး ရေစိုအဝတ်များ၊ မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)