ကျောက်ဆည်မြို့နယ်၌ တမုတ်မြောင်းရေဖြင့် ကျေးရွာအုပ်စု ၁၀ အုပ်စု၌ နွေစပါး ၁၂၅ ဧကနှင့် နွေနှမ်း ၈၆၉ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တမုတ်မြောင်းရေဖြင့် ကျေးရွာအုပ်စု ၁၀ အုပ်စု၌ နွေစပါး ၃၅၃ ဧကနှင့် နွေနှမ်း ၄၀၂၈ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယခုအခါ  နွေစပါး ၁၂၅ ဧကနှင့် နွေနှမ်း ၈၆၉ ဧက စုစုပေါင်း ၉၉၄ ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

တမုတ်မြောင်းရေဖြင့် နွေစပါးနှင့်နွေနှမ်းများစိုက်ပျိုးရာ၌ လက်ပန်ပင်ကျေးရွာအုပ်စု၌ နွေစပါး ဧက ၂၀ ၊ နွေနှမ်း ၃၀ ဧက၊ မယ်ဇယ်ပင်ကျေးရွာ၌ နွေနှမ်း ဧက ၅၀ ၊ တံစိုးကျေးရွာအုပ်စု၌ နွေနှမ်း ၅၃ ဧက၊ သူငယ်တော် ကျေးရွာ၌ နွေနှမ်း ၅၁ ဧက၊ ပွတ္တိုင်ကျေးရွာအုပ်စု၌ နွေစပါး ဧက ၅၀ ၊ နွေနှမ်း ဧက ၁၅၀ ၊ မြောင်းဦးကျေးရွာအုပ်စု၌ နွေစပါး ဧက ၂၀ ၊ နွေနှမ်း ဧက ၅၀ ၊ အနောက်သာဂရကျေးရွာအုပ်စု၌ နွေစပါး ၃၅ ဧက၊ နွေနှမ်း ဧက ၂၃၀ ၊ ရွာပုလဲကျေးရွာအုပ်စု၌ ဧက ၁၅၀ ၊ ကတဲကျေးရွာအုပ်စု၌ နွေနှမ်း ဧက ၅၀၊ ပနန်ကျေးရွာအုပ်စု၌ နွေနှမ်း ၅၅ ဧက စုစုပေါင်း ၉၉၄ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)