ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကျောက်မဲ  စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  စာရေးဆရာမ ဩမေမြတ်ဟေကို ဘာသာပြန်ထားသည့် ကြယ်စင်များဆီသို့နှင့် အာရှလူငယ် ဝတ္ထုတိုများစာအုပ်ဖြင့်   စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်လူရွယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများကို အပြန်အလှန် မျှဝေနိုင်‌စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ဦးစီးအရာရှိဦးစိုင်းထွန်းသိန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း  ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်မှ ၎င်းတို့ အနှစ်သက်ဆုံးဝတ္ထုတိုတို့ကို အသီးသီးဖတ်ကြား ရှင်းလင်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးခဲ့သည့် အကြောင်းအရာများကို  ဦးစိုင်းထွန်းသိန်းက  ပြန်လည် ဖြည့်စွက်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)