နတ်တလင်း စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စက်တင်ဘာ ၁၃ ရက်၊ နေ့လယ် ၁ နာရီချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်လဲ့ဝါမြင့်က ကျောင်းသား၊ ကျောင်းသူလေးများအား လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုဖြစ်စဉ်များ၊ အကြောင်းသိကောင်းစရာများ၊ ကျောင်းသား၊ ကျောင်းသူအရွယ်လေးများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှကင်းဝေးစေရန် လိုက်နာဆောင်ရွက်ရမည့် ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများ၊ လူကုန်ကူးမှုကိစ္စရပ်များကိုတွေ့ရှိပါက နီးစပ်ရာရဲတပ်ဖွဲ့စခန်းများသို့ အကြောင်းကြားရန်လိုကြောင်းစသည့် ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်များပြသခဲ့ရာ စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး