တောင်ကုတ် စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့် မလာရောက်နိုင်သည့် ဝန်ထမ်းများ စာပေများအလွယ်တကူလေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၁)နာရီအချိန်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ စာပေကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်းကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ဖတ်ရှုပြီး စာအုပ်များ ပြန်လည်သိမ်းဆည်းခြင်း၊ အသစ်ထပ်မံ ငှါးရမ်ပေးခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)