ပျော်ဘွယ် စက်တင်ဘာ ၁5
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကိုထိခိုက်မှုမရှိစေဘဲ စာပေလေ့လာဖတ်ရှုတတ်စေရန်၊ စာဖတ်ရှိန်မြင့်မား လာစေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာတိုးပွား လာစေရန်၊ အတွေးအခေါ်ရင့်သန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်သဖြင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးကြီးမားပုံတို့ကို ရှင်းလင်းဆွေးနွေးဟောပြောသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ) နှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (ယင်းတော်) တို့မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး မြို့နယ်ရုံးတွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)