ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဖျာပုံ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာ ဇေယျာဘုန်းမြင့်က လယ်တွင်းသားစောချစ် ရေးသားသော "ပန်းလိုချင် အပင်ကို ပျိုးတတ်မှ"၊ “စာအုပ်မှ ပုံပြင်ထဲမှာ အလိမ္မာ" ဆောင်ပါးဖြင့် ဆွေးနွေးပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက စာရေးဆရာ ဦးကျော်မြင့် (မောင်ယဉ်မိုး) က စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်မှ" ပုံပြင်ထဲမှာအလိမ္မာ" ဆောင်းပါးခေါင်းစဉ်နှင့် ပတ်သက်၍ ကလေးငယ်များကို သွန်သင်ဆုံးမရာတွင် သဘောပေါက်နားလည်အောင် ဆုံးမတတ်စေရန်၊ အားကြီးသူက အားငယ်သူကို ညှာတာရန်၊ ငယ်သူက ကြီးသူကို ရိုသေလေးစားတတ်ရန်၊ ဒုက္ခဖြစ်သူကို ကူညီတတ်ရန်၊ ကျေးဇူးတရားကို နားလည်ရန်၊ မဟုတ်မခံမှန်သော သတ္တိရှိစေရန်၊ စည်းကမ်း ရှိစေရန်၊ မတရားမှုကို စက်ဆုပ်ရွံ့မုန်းတတ်စေရန်၊ တရားမျှတမှုကို မြတ်နိုးတတ် စေရန်၊ လောဘမကြီးရန်၊ သည်းခံမှုရှိစေရန်၊ မလိမ်မညာရိုးဖြောင့်မှန်ကန်ရန်၊ လုံ့လဝီရိယ ရှိစေရန်၊ ဉ်ကျေးလိမ္မာသော လူငယ်လူရွယ် များ ဖြစ်လာစေရန် စသည့် အကြောင်းအရာများအား အသေးစိတ်ဆွေးနွေးပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များ​က အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)