ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/သေဆုံးမှုကို လျှော့ချနိုင်ပြီး ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများ ကောင်းစွာရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံခြင်းကို အ.ထ.က အထောင်မြတ်လေးခန်းမ၌ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စျေးဆိုင်များသို့ Mobile Library စနစ်ဖြင့်စာအုပ်၊ စာစောင် ငှားရမ်းခြင်းများသွားရောက်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ မိဘပြည်သူများ စာဖတ်ရှိန်မြှင့်မားရေးနှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ

လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ(နောင်မိန်း)ကျောင်းတွင် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ (နောင်မိန်း)ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ကိုထိုးနှံပေးခဲ့သည်။

ကျောင်းကုန်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အောက်ပိုင်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ် ​မကြီးပင်ကျေးရွာအုပ်စု၊ ပေါက်တန်းကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သည့်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက ​မကြီးပင်ကျေးရွာအုပ်စု၊​ပေါက်တန်းကျေးရွာသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ

ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ ညနေ (၃)နာရီက အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြိုနယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးရွာခြင်းဆက် ကုန်ထုတ်လမ်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တော်ကမယ်၊ အစိပ်တော် ကမံ၊ ကျုံဒူးမြောက်၊ တော်ဖရုံ၊ ကုလားကုန်းတန်း စသည့် ကျေးရွာခြင်းဆက် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်အေးနန္ဒာစိုးက လုပ်ငန်းဆောင်ရွက်ထားမှုများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး အခြေခံစားသောက်ကုန် ပစ္စည်း (၄)မျိုးအား သက်သာသောစျေးနှုန်းဖြင့် ရောင်ချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်း၊ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကူညီမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး အခြေခံစားသောက်ကုန်ပစ္စည်း (၄)မျိုးအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ယမန်နေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ ကျုံကူကျေးအုပ်စု၊ ကျုံကူဘုရားကြီးတန်ဆောင်းရှေ့တွင် ရောင်းချပေးလျက်ရှိကြသည်။
Subscribe to