တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

တကောင်း စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ (၁၂) ရက်နှင့် (၁၃) ရက်တို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လ..ကမှူး ဦးဖုန်းဇော်ဝင်းနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းရှိ နိုင်ငံသားကတ်ပြားမရှိသည့် (၁၀) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၈၉) ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သီရိအောင်( တကောင်း)