တောင်ဥက္ကလာပ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်နှင့်အကျင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက် (၁၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ကောင်းမွန်သော အလေ့အကျင့်ကောင်းများ ထားရှိရန်၊ အနာဂတ်တွင် လူရည်ချွန်များဖြစ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင်ကောင်းများ ရရှိစေရန်အတွက် လူငယ်နှင့်အကျင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ ပြောကြားခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး) မှ ယနေ့ လူငယ်လူရွယ်များ နောင်ဝယ်ကာလတွင် အကျင့်စာရိတ္တကောင်းမွန်သော၊ ထူးချွန်ထက်မြက်သော လူချွန်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ စာပေဖတ်ရှုမှုအားကောင်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေများမှ မှန်ကန်သောအသိတရား၊ မှန်ကန်သောဆုံးဖြတ်ချက်များ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ အားလပ်သောအချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ Book Club တို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူ လူငယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ဆရာ၊ ဆရာမများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာပါသူ လူငယ်လူရွယ် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)