ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/သူများကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းရွာသစ်    စက်တင်ဘာ   ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် ဗဟုသုတရရှိရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသည် ပြန်လည်ကူးစက်မှုများရှိလာသဖြင့် ကျောင်းသား/သူများအနေဖြင့် နှာခေါင်းစည်း (Mask)များကို စနစ်တကျတပ်ဆင်ရန်လိုအပ်ကြောင်း၊ လူအများစုဝေးသည့်နေရာများတွင် ကိုဗစ်-၁၉ရောဂါအပါအဝင် ကူးစက်ရောဂါများကပ်အသွင်ဖြစ်ပွားနိုင်သဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထူးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကိုလည်း သတ်မှတ် ထားသည့် အကြိမ်အရေအတွက်အတိုင်း ထိုးနှံရန်လိုအပ်ကြောင်းစသည်ဖြင့် အသိပညာပေးဟောပြောပြီးနောက် ကိုဗစ်-၁၉ရောဂါလက္ခ ဏာများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် လိုက်နာရမည့်အချက်များပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်း သား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)